ဒီလိုပဲဆိုပေမယ့်တကယ်လားဆိုရင်တော့ငြင်းရမှာ

၁၄.၀၂.၂၀၂၃

ဒီလိုပဲဆိုပေမယ့် တကယ်လားဆိုရင်တော့ ငြင်းရမှာ

ဒီလိုပဲဆိုပေမယ့် တကယ်လားဆိုရင်တော့ ငြင်းရမှ


တနှစ်မှာ အနည်းဆုံး ခုနစ်ဆယ့်တခါ

ဒါမျိုး ဖြစ်ဖူးပြီးသားပဲလို့

ငါတို့ တွေးကြပါတယ်

အဲဒီဖြစ်ဖူးပြီးသားကြီးထဲမှာတောင်မှ

လက်ဖက်သုပ်ထဲ ဘယ်တော့မှ ကြက်သွန်ဖြူမပါ

(တော်တော်ကြောင်တဲ့ ကောင်တွေ)

မပေါက်သေးတဲ့ ပူစီဖောင်းတလုံးဟာ

အမြဲအားနည်းချက်ရှာရခက်တယ်

အာလူးတလုံး လမ်းပေါ်မြင်မိတာနဲ့

တွေးစရာတွေက ဟိုကဒီက ရရလာတတ်ပါတယ်

နိုင်ငံတော်ကလဲ လမ်းပေါ်ခရမ်းချဉ်သီးကိုပဲ ခွင့်ပြုတယ်

ကလေးဖိနပ်တဖက်ကို မြင်လိုက်တာနဲ့

ဇာတ်လမ်းကို စိတ်ကြိုက်တည်ဆောက်ရနိုင်လောက်အောင်

မျှော်စင်ပေါ်ကလူဟာ မသေးသိမ်ပါဘူး

မျှော်စင်ပေါ်ကလူဆိုတာ

ဘာမှန်း ငါမသိဘူး

စိတ်ထဲပေါ်ရာ ချရေးလိုက်တာ

‌အဲ့ဒါ ငါတို့ ဒီလောက်ရှည်ကြာတဲ့ အတွေးတွေကို

ဘယ်ကစတင်ဆိုတာ သိချင်တယ်ဆို‌နေတဲ့

မထိလေးစားဟန်နဲ့

ရဲပြုတ်တကောင်ရဲ့ အပြုအမူမျိုးပဲ

ထင်ရာတွေလျှောက်ပြော ဆက်စပ်

နိဂုံးကောက်ချက်ချ

ပြီးတော့ ဆွဲစိ

ငါတို့ကို ဒီလှေပေါ် တင်ပေးလိုက်တာပဲ၊

ဒီလှေဆိုတာ

ဘဝဆိုတဲ့ ခွေးတကောင်ကို ဒဿနဆိုတဲ့ ခွေးမြီးနဲ့မှ ပြည့်စုံစေတယ်ဆိုတာမျိုး

ငါတို့ရဲ့ ခက်ခက်ခဲခဲ တရက်ချင်းနေ့တွေကို ပြောတာ။။


လင်းခါး

2019 oct

အမျိုးအစား -ကဗျာ
မျှဝေရန်-
Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.